Notification texts go here Contact Us Buy Now!

What Is A Computer ?

To clearly understand what a computer is, this article will provide you complete facts.

Definition :

A computer is a machine or device that stores information, performs processes, calculations and operations based on instructions provided by a software or hardware program. It has the ability to accept data (input), process it, and then produce outputs.

ကွန်ပျူတာဆိုတဲ့အသုံးအနှုန်းကို ၂၀ ရာစုမတိုင်မီအထိ အသုံးပြုခဲ့ပုံက အတွက်အချက်ပြုလုပ်နိုင်တဲ့သူတွေကို ခေါ်ဝေါ်ရာမှာသုံးစွဲခဲ့ကြတာပါ။ အဲ့လိုနဲ့ ပြောင်းလဲဖြစ်တည်လာခဲ့တဲ့ ကွန်ပျူတာသမိုင်းကြောင်းကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

အတိုချုပ်အနေနဲ့ ကွန်ပျူတာဆိုတာ ပေးလိုက်တဲ့ အချက်အလက်ကို မူလထည့်သွင်းထားတဲ့ ပရိုဂရမ်အရ စီစဉ်တွက်ချက်ပြီး ရလဒ်တစ်ခုကိုထုတ်ပေးတဲ့ လျှပ်စစ်ပစ္စည်းတစ်ခုပါ။
အနားနားရှိတာမြင်အောင်ဆိုရရင် ဂဏန်းပေါင်းစက်လေးဟာ ကွန်ပျူတာတစ်လုံးပါပဲ။ ထည့်သွင်းလိုက်တဲ့ ဂဏန်းများနဲ့ အမိန့်ပေးခိုင်းစေတဲ့တွက်ချက်မှုများကို ဆောင်ရွက်ပြီး ရလဒ်တွေကို ပြသပေးပါတယ်။

ဒါဆို အခြေခံအကျဆုံးဖြစ်တဲ့ ပရိုဂရမ်လေးကစပြီး ကျန်တဲ့အဆင့်မြင့်လုပ်ဆောင်ချက်တွေဆောင်ရွက်နိုင်တဲ့ စမတ်ဖုန်း၊ စမတ်နာရီ၊ တပ်ဘလက်၊ ဂိမ်းစက် နဲ့နည်းတူတခြားခြားသော လျှပ်စစ်ပစ္စည်းများကိုလည်းကွန်ပျူတာဟုဆိုနိုင်တာပေါ့။

ဒီ blog လေးမှာတော့ Typical computer တစ်လုံးအကြောင်းကို အသေးစိတ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

ကွန်ပျူတာတစ်လုံးမှာ -
  • အတွက်အချက်တွေကိုအဓိကဆောင်ရွက်ပေးတဲ့ ကွန်ပျူတာဦးနှောက် CPU ၊
  • အဆင့်မြင့်ရုပ်ထွက်တည်ဆောက်မှုပိုင်းဆိုင်ရာအတွက် GPU ၊
  • အတွက်အချက်များလုပ်ဆောင်တဲ့နေရာ RAM ၊
  • အချက်အလက်တိုင်းကို သိမ်းဆည်းပေးတဲ့ Storage Device ၊
  • ကွန်ပျူတာကို အချက်အလက်ထည့်သွင်းစေခိုင်းရန် Keyboard နဲ့ Mouse ၊
  • ရှိရှိသမျှကို သုံးစွဲသူအတွက် ရုပ်ထွက်ပြပေးမယ့် Monitor Screen နဲ့
  • စနစ်တခုလုံးကို လည်ပတ်ပေးမယ့် ပါဝါအထောက်အပံ့ PSU တို့ အကြမ်းဖျင်းပါဝင်ပါတယ်။

Computer Types
ကွန်ပျူတာအမျိုးအစားကတော့ အကြမ်းဖျင်း Laptop နဲ့ Desktop ဆိုပြီးရှိပါတယ်။



အထက်မှာပြခဲ့တဲ့ ကွန်ပျူတာအစိတ်အပိုင်းတွေကိုတော့ Desktop ကိုပမာထားပြီးပြပေးပါမယ်။

CPU (ကွန်ပျူတာဦးနှောက်)
ယေဘုယျ အတွက်အချက်အားလုံးကို လုပ်ဆောင်ပေးသောအစိတ်အပိုင်း

Image_Alt_Here Image_Alt_Here Image_Alt_Here

RAM (အတွက်အချက်ပြုလုပ်ရာနေရာ)
လိုအပ်တဲ့ အချက်အလက်တွေကို ယာယီခေါ်ယူသိမ်းပေးပြီး တွက်ချက်မှုများပြုလုပ်ရာနေရာ

Image_Alt_Here Image_Alt_Here Image_Alt_Here

Storage Device (အချက်အလက်သိမ်းဆည်းပေးတဲ့ အစိတ်အပိုင်း)
ကွန်ပျူတာတစ်လုံးအလုပ်လုပ်နိုင်ရန် လိုအပ်သော လည်ပတ်မှုစနစ်များနဲ့တကွ သုံးစွဲချင်သောပရိုဂရပ်ဆော့ဝဲလ်များနဲ့ တကိုယ်ရေအချက်အလက်များကိုသိမ်းဆည်းပေးသော အစိတ်အပိုင်း

Image_Alt_Here Image_Alt_Here Image_Alt_Here

Keyboard & Mouse
ကွန်ပျူတာကို အချက်အလက်ထည့်သွင်း၍အမိန့်ပေးခိုင်းစေနိုင်သောအစိတ်အပိုင်းများ


Monitor Screen (ရုပ်ပြမျက်နှာပြင်)
အသုံးပြုသူအတွက် အချက်အလက်တိုင်းကို ရုပ်ထွက်ပြပေးသောအစိတ်အပိုင်း

Image_Alt_Here Image_Alt_Here Image_Alt_Here

PSU (လျှပ်စစ်ပါဝါထောက်ပံ့အစိတ်အပိုင်း)
ကွန်ပျူတာအတွက် လိုအပ်သောစနစ်များအာလုံးလည်ပတ်နိုင်ရန် လျှပ်စစ်ပါဝါထောက်ပံ့ပေးသောအစိတ်အပိုင်း

Image_Alt_Here Image_Alt_Here Image_Alt_Here

အသုံးဝင်လှတဲ့ ကွန်ပျူတာတွေကို နေ့စဉ်ဘဝ တကိုယ်ရေသုံးပစ္စည်းလေးတွေကစပြီး အာကာသမှာလွှင့်တင်ထားတဲ့ ဂြိုလ်တုနဲ့ အာကာသယာဉ်တွေမှာပါ အသုံးပြုလျက်ရှိပါတယ်။

ကွန်ပျူတာကို လူအမျိုးအမျိုးအခြေအနေအမျိုးမျိုးမှာ အသုံးပြုနိုင်အောင်ဖန်တီးတည်ဆောက်ထားတဲ့အတွက် အခြားခြားသော အခြေခံကျတဲ့ input/ output (Bios) တွေပါပြီးဖြစ်ပါသည်။ ( ဥပမာ - အထက်တွင် အသံကြားနိုင်သော Speaker နှင့် အသံသွင်းနိုင်သော Microphone စတဲ့ Basic Input Output အချို့ကို ချန်လပ်ဖော်ပြခဲ့ပါသည်။


About the Author

A Homo Sapien
Trying to make a better world.
D4Donation

إرسال تعليق

Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.